2 ရာသီ
16 အပိုင်း
형사록
ဂင်ထက်ရို့ဟာ ဂူမိုရဲစခန်းက ပင်စင်ယူဖို့နီးနေပြီဖြစ်တဲ့ စုံထောက်ဟောင်းတစ်ယောက် ဖြစ်ပါတယ်။ အသက်ကြီးလို့ အနားယူချင် ပေမယ့် ပင်စင်လစာကိုမျှော်မှန်းပြီးတော့ စုံထောက်အလုပ်ကို ဆက်လက်လုပ်ကိုင်နေတဲ့လူတစ်ယောက်၊ အတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့စုံထောက်တစ်ယောက်ဖြစ်ပေမယ့် အကြီးတန်းစုံထောက်ထက် ရာထူး ပိုတိုးမလာခဲ့ပါဘူး။ ဂူမိုမြို့ကဆိပ်ကမ်းမြို့ဖြစ် တဲ့အတွက် မူးယစ်ဆေးဝါးမှုတွေနဲ့ အခြားသော ရာဇဝတ်မှု တွေများပြားတဲ့ မြို့တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဂူမိုမြို့ရဲ့ ရဲမှူးဆော ဂွမ်ဆူဟာ ဂူမိုမြို့နေ ပြည်သူတွေရဲ့ လုံခြုံရေးအတွက်ရည်ရွယ်ပြီးတော့ အထူးစုံစမ်းရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းပေးခဲ့တယ်။ တစ်ရက်မှာတော့ စုံထောက်ကြီးဂင်ထက်ရို့ဆီကို အမည်မသိဖုန်းတစ်ခုဝင် လာပြီးတော့ ငါကမင်းရဲ့သူငယ်ချင်းဟောင်းတစ် ယောက်ပါလို့ပြောခဲ့ပြီး။ နောက်ထပ် ဖုန်းထပ်ခေါ်တဲ့အခါမှာတော့ မင်းရဲ့ လုပ်ဖော်ကိုင်ဖက် အူဟျွန်ဆော့ကို ငါသတ်လိုက်တယ် ဆိုပြီးပြောလာခဲ့ပါတယ်။ အဲဒီနောက်မှာပဲ ဂင်ထက်ရို့ဟာ အူဟျွန်ဆော့ကို သတ်တဲ့အမှုရဲ့သံသယရှိသူအဖြစ်ကိုရောက်သွားခဲ့တယ်။
- နှစ်: 2023
- နိုင်ငံ: South Korea
- အမျိုးအစား: Drama, Crime, Mystery
- စတူဒီယို: Disney+
- သော့ချက်စာလုံး: detective, blackmail, police, mysterious man, murder suspect, wrongfully accused, psychological warfare
- ဒါရိုက်တာ: Im Chang-se
- သွန်း: 이성민, 경수진, 이학주, 정진영, 김신록, 김홍파